လာရောက်လည်ပတ်သူအားလုံး စိတ်ချမ်းသာပျော်ရွှင်နိုင်ပါစေ

လာရောက်လည်ပတ်သူအားလုံး စိတ်ချမ်းသာပျော်ရွှင်နိုင်ပါစေ
Showing posts with label IT Latest News. Show all posts
Showing posts with label IT Latest News. Show all posts

Saturday, November 15, 2014

Ooredoo က နိုင်ငံတကာဖုန်းခေါ်ဆိုခနှုန်းထားများကိုလည်း ထပ်မံလျှော့ချပေး

 
Ooredoo Myanmar ဆက်သွယ်ရေး ကုမ္ပဏီသည် ဖုန်းခေါ်ဆိုခနှုန်းထားများနှင့် မိုဘိုင်းအင်တာနက်အသုံးပြုခ Package Plan နှုန်းထားများကို အသီးသီးလျှော့ချပြီးနောက်တွင် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခများကိုလည်း ထပ်မံလျှော့ချလိုက်ပြီ ဖြစ်သည်။


ယခုလျှော့ချလိုက်သည့် Ooredoo ၏ နိုင်ငံ ၄၆ နိုင်ငံသို့ဖုန်းခေါ်ဆိုခများတွင် အချို့သော နိုင်ငံများသို့ခေါ်ဆိုခများသည် ယခင် သတ်မှတ်နှုန်းထားများထက် ပိုမိုသက်သာသွားပြီး အချို့နိုင်ငံများကို အနည်းငယ်လျှော့ချပေးထားသည်။


Ooredoo ၏ ဆက်သွယ်ရေးကွန်ရက်မှ နိုင်ငံတကာမိုဘိုင်းဖုန်းများသို့ ဖုန်းခေါ်ဆိုမည်ဆိုပါက ၀၀ (သုည သုည) (သို့မဟုတ်) အပေါင်းလက္ခ ဏာ (+) ခံပြီးနောက် ခေါ်ဆိုမည့်နိုင်ငံ၏ ကုဒ်နံပါတ်နှင့် ရှေ့ဆုံးမှ ၀ (သုည) မပါပဲ ခေါ်ဆိုနိုင်ကြောင်းသိရသည်။


နိုင်ငံတကာ လိုင်းဖုန်းများသို့ Ooredoo ၏ မိုဘိုင်းဖုန်းများမှ တဆင့်ခေါ်ဆိုမည်ဆိုပါက ၀၀ (သုည သုည) (သို့မဟုတ်) အပေါင်းလက္ခဏာ (+) ခံပြီးနောက် ခေါ်ဆိုမည့် နိုင်ငံ၏ ကုဒ်နံပါတ်နှင့် နယ်မြေဒေသ၏ နံပါတ်၊ မိမိခေါ်ဆိုလိုသည့် လိုင်း ဖုန်း နံပါတ်ကို နှိပ်ပြီးခေါ်ဆိုနိုင်မည်ဖြစ်သည်။
 
 
 
 
 
အားလုံးပဲအဆင်ပြေကြပါစေ
မျှဝေပေးနေရရင်ကျေနပ်သူပါ

Ooredoo က အင်တာနက် Package Plan နှုန်းထားများကို လျှော့ချ

  http://www.commaspaces.com/wp-content/uploads/2014/07/%D8%A7%D9%88%D8%B1%D9%8A%D8%AF%D9%88-1728x800_c.jpg
 
 
Ooredoo ၏ မိုဘိုင်းအင်တာနက် Package Plan များကို ယနေ့မှ စတင်လျှော့ချလိုက်ပြီ ဖြစ်သည်။ ယခင်က 1GB လျှင် ၁၂၀၀၀ ကျပ် နှင့် Facebook သုံးစွဲခွင့် 600 MB အခမဲ့ရရှိသော Plan အစား 1GB လျှင် ၆၉၀၀ ကျပ်နှင့် 2GB လျှင် ၁၂၉၀၀ ကျပ်သာ ကျသင့်တော့မည်ဖြစ်ကြောင်း Ooredoo Myanmar ဆက်သွယ်ရေးကုမ္ပဏီက သတင်းထုတ်ပြန်လိုက်သည်။


ယခုပြောင်းလဲ လျှော့ချလိုက်သော 1GB နှင့် 2GB အစီအစဉ်များတွင် Facebook သုံးစွဲခွင့် 600 MB ပါရှိတော့မည်မဟုတ်ပေ။


ထို့အပြင် အပတ်စဉ် အသုံးပြုနိုင်သည့် Weekly Plan များမရှိတော့ဘဲ Daily Plan တွင် တစ်ရက်လျှင် ၃၉၀ ကျပ်ဖြင့် အင်တာနက် အသုံးပြုနိုင်ခွင့် 50 MB ရရှိမည်ဖြစ်သည်။ လစဉ်အသုံးပြုနိုင်သည့် Monthly Plan တွင် တစ်လလျှင် ၃၉၀၀ ကျပ်ဖြင့် အင်တာနက် 500 MB အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။
 
 
 
 
 
အားလုံးပဲအဆင်ပြေကြပါစေ
မျှဝေပေးနေရရင်ကျေနပ်သူပါ

Saturday, October 18, 2014

ရေစိုသွားသော ဖုန်းကို ပြန်လည်ပြုပြင်နည်း (၅) ချက်

 
 


(၁) ဘတ္တရီကို ချက်ချင်းဆွဲဖြုတ်လိုက်ပါ
ဖုန်းကို ရေစိုလိုက်တာနဲ့ Power ပိတ်ဖို့ လုပ်မနေဘဲနဲ့ ဘတ္တရီကိုသာ ချက်ချင်း ဆွဲဖြုတ်
လိုက်ပါ။ အဲလို ဘတ္တရီကို ဖြုတ်လိုက်ခြင်း အာဖြင့် သင့်ရဲ့ ရေစိုနေသော ဖုန်းကို ပြန်လည် ပြုပြင်နိုင်ပါလိမ့်မယ်။ အကယ်၍ iPhone ဆိုရင်တော့ power ကိုပဲ အမြန်ပိတ်လိုက်ပါ။

(၂) ဆင်းကဒ်ကို ဖြုတ်ပါ
တကယ်၍ ဟန်းစက်ဟာ ပျက်စီးသွားတယ်ဆိုရင် မှတ်သားထားသော contact information
ကို မပျောက်ပျက်စေရန် ဆင်းကဒ်ကို ဖြုတ်၍ လေမှုတ်စက်ဖြင့် မူတ်လိုက်ပါ။
(၃) ရေမချောက်မခြင်း ဖုန်းကို မဖွင့်ပါနဲ့
ရေအစိုဓာတ်တွေ မကုန်ဘဲ ဖုန်းပြန်ဖွင့်လိုက်မယ်ဆိုရင် သင့်ရဲ့ဖုန်းကို ပျက်စီး သွားစေမှာ ဖြစ်ပါတယ်။
(၄) ဆန်အိုးထဲတွင် မြုပ်ထားပါ
ရေစိုသွားသော ဖုန်းကို ဘတ္တရီ ဖြုတ်ပြီးပြီးခြင်းမှာပဲ အနီးနားမှာ ရှိသော ဆန်အိုး အတွင်းသို့ အလျင်အမြန် မြုပ်ထားလိုက်ပါ။
(၅) ရေခဲသေတ္တာထဲတွင် လျှပ်စစ်မသုံးဘဲ ထည့်ထားပါ
တကယ်လို့ အလွယ်တကူ ဆန်အိုး မရှိဘူးဆိုရင် ရေခဲသေတ္တာ အတွင်းသို့ ရေစိုနေသော ဖုန်းအား အဝတ်များနှင့် ပတ်ပြီး ထည့်ထားနိုင် ပါတယ်။ ထိုရေခဲ သေတ္တာဟာ လျှပ်စစ်
မသုံးသည့် အတွက်ကြောင့် အအေးဓာတ် မရှိဘဲ အပူဓာတ် များကို ပေးစွမ်းမှာဖြစ်လို့
ဖုန်းကို အလွယ်တကူ ချောက်သွေ့ စေနိုင်မှာ ဖြစ်ပါတယ်။


Ref-positivemed.com


အားလုံးပဲအဆင်ပြေကြပါစေ
မျှဝေပေးနေရရင်ကျေနပ်သူပါ

Friday, October 17, 2014

Android Phone ကို ကားရဲ့ Audio System နဲ့ ချိတ်ဆက်နည်းများ


ယာဉ်မောင်းသူ အများစုက ကားမောင်းနေစဉ် သီချင်းများကို နားထောင်ခံစားလေ့ရှိပါတယ်။ ဒါပေ မယ့် ရေဒီယိုများက သင်နားထောင်ချင်တဲ့ သီချင်းကို ဖွင့်ပေးမှာ မဟုတ်ပါဘူး။ CD တွေကလည်း ပျက်ဆီးလွယ်တဲ့အတွက် အဆင်မပြေပါဘူး။ Android Phone မှာ စိတ်ကြိုက်သီချင်းများစွာ ထည့်သွင်းထားသူများအတွက် ဖုန်းမှ သီချင်းများကို ကားရဲ့ Audio System နဲ့ ချိတ်ဆက် နားထောင်ချင်ရင် နည်းလမ်းများစွာ ရှိပါတယ်။

Analogue Cable
---------------------

လူအများစု အသုံးပြုကြတာက 3.5mm Mini Jack Cable ဖြစ်ပါတယ်။ ကြိုးရဲ့ တစ်ဖက်ကို သင့်ဖုန်းရဲ့ Headphone Jack မှာ တပ်ဆင်ရမှာ ဖြစ်ပြီး နောက်တစ်ဖက်ကို ကားရဲ့ Audio System မှာ တပ်ဆင်ရမှာပါ။ ဒီလို ချိတ်ဆက်ဖို့ နည်းများစွာ ရှိပါတယ်။ Car Audio System ရဲ့ အရှေ့ဖက် သို့မဟုတ် Dashboard ရဲ့ အနောက်ဘက်မှာ တပ်ဆင်နိုင်ပါတယ်။
Cassette Tape Player တပ်ဆင်ထားတဲ့ ကားများမှာတော့ Cassette Adapter ကို အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းသက်သာပြီး MP 3 Player သို့မဟုတ် ဖုန်းမှ Headphone နဲ့ ချိတ်ဆက်နိုင်ပါတယ်။ ပြီးရင်တော့ ဖုန်းမှ သီချင်းများကို ကားရဲ့ စပီကာ ကနေ ခံစားနားထောင်နိုင်ပါပြီ။ ဖုန်းမှသာမက အင်တာနက်မှ သီချင်းများကိုတောင် နားဆင်နိုင်ပါတယ်။

Bluetooth
----------------

ခေတ်ပေါ်ကားများရဲ့ Audio System မှာ Bluetooth ပါရှိကြပြီး သင့်ဖုန်းနဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ ဒီလို ချိတ်ဆက်ဖို့အတွက် သင့်ကားရဲ့ Audio System မှ Bluetooth ကိုဖွင့်ပါ။ Discoverable ဖြစ်အောင် ပြုလုပ်ပါ။

သင့်ရဲ့ Android Device မှာ Settings>Wireless and Networks>Bluetooth Settings ထဲသွားပြီး Bluetooth ကိုဖွင့်ပါ။ Scan ပြုလုပ်ပြီး ကားရဲ့ Audio System ကို ရှာဖွေပြီး Pair လုပ်ပါ။

Bluetooth ရဲ့ အားသာချက်က တစ်ခါသာ ချိတ်ဆက်ရပြီး နောက်ပိုင်းမှာ ချိတ်ဆက်စရာ မလိုတာပါ။ အားနည်းချက်က သင့်ဖုန်းရဲ့ ဘက်ထရီကို အကုန်မြန်စေတာပါ။ ဒီနည်းနဲ့ သီချင်းနားထောင်ရင်တော့ ကားထဲမှာ ဖုန်းကို အားသွင်းထားရင် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ဖုန်းမှသာမက အင်တာနက်မှ သီချင်းများနဲ့ ရေဒီယိုများကို နားဆင်နိုင်ပါတယ်။

USB
----------

Bluetooth လိုပဲ ခေတ်သစ်ကားအချို့ရဲ့ Audio System မှာ ပြင်ပ Storage Device များကို ချိတ်ဆက်နို်င်တဲ့ USB Cable ပါရှိပါတယ်။ အဲဒီကြိုးကနေ သင့်ဖုန်းနဲ့ ကားရဲ့ Audio System ကို ချိတ်ဆက်နိုင်ပြီး သီချင်းများ နားဆင်နိုင်ပါတယ်။

ချိတ်ဆက်ပြီးရင်တော့ သင့်ဖုန်းမှာ Storage Mode ကိုပြောင်းပေးရမှာပါ။ ဒီလိုလုပ်ဖို့ Notification Bar ကို ဆွဲချပြီး USB Mass Storage သို့မဟုတ် USB Connection Mode ကို ပြောင်းပေးပါ။ ဒါကတော့ ဖုန်းထုတ်လုပ်သူတွေ အပေါ်မူတည်ပြီး အခေါ်အဝေါ် ကွဲပြားပါတယ်။ ပြီးရင်တော့ ကားရဲ့ Audio System မှာ ဖုန်းမှ သီချင်းများကို တွေ့မြင်နိုင်ပါပြီ။

ဒီနည်းလမ်းရဲ့ အားနည်းချက်က သင့်ဖုန်းမှာ သိမ်းထားတဲ့ MP3 သီချင်းများကိုသာ နားထောင်နိုင်တာ ဖြစ်ပြီး အင်တာနက်မှ သီချင်းများကို နားဆင်လို့ မရတာပါ။ ဒါပေမယ့် သီချင်းနားဆင်နေစဉ်မှာ ဖုန်းကို အားသွင်းပေးနေမှာပါ။

FM Transmitter
--------------------
အချို့ ဖုန်းများမှာ FM Transmitter စွမ်းဆောင်ချက် ပါရှိပါတယ်။ ဒါကို အသုံးပြုနိုင်သလို Quick FM Transmitter လို App များကို အသုံးပြုပြီး သင့်ဖုန်းမှ သီချင်းများကို ကားရဲ့ စပီကာကနေ နားထောင်နိုင်ပါတယ်။

နောက်တစ်နည်းက ဈေးနှုန်း သက်သာတဲ့ FM Transmitter ကိရိယာကို ၀ယ်ယူရမှာပါ။ အဲဒီ ကိရိယာကို ဖုန်းရဲ့ Headphone Jack မှာ တပ်ဆင်ရမှာပါ။ အလုပ်လုပ်ပုံက Analogue Cable နဲ့ တူညီပေမယ့် FM Transmitter ကို ကားရဲ့ အားသွင်းစက်မှာ တပ်ဆင်ထားရမှာပါ။

ရွေးချယ်စရာ နည်းလမ်းများစွာ ရှိပေမယ့် အများစုက Analogue Cable , Cassette Adapter တို့ကို အသုံးပြုနေကြပါတယ်။ ဒါဟာ ကားရဲ့ Audio System မှာ Bluetooth ပါရှိတယ်ဆိုတာ မသိကြလို့ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် Cassette Player များ တပ်ဆင်ထားတဲ့ ကားအဟောင်းများ အသုံးပြုနေကြလို့ ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ ကားမှာ Digital Sound System ပါရှိတယ်ဆိုရင် Analogue Cable နည်းလမ်းဟာ အသံအရည်အသွေး အပြည့်အ၀ မရနိုင်တာကို မှတ်သားထားပါ။

Wednesday, October 15, 2014

အများပြောနေကြတဲ့ G, H+, E, 3G နဲ့ LTE ဆိုတာဘာလဲ?

G, H+, E, 3G နဲ့ LTE
အင်တာနက်သုံးတဲ့အခါ ဖုန်းရဲ့ ထောင့်တစ်နေရာမှာH+ လေးပေါ်လိုက် .. 3G ဖြစ်သွားလိုက်နဲH+ ဆိုတာ မသိခင် .. အရင်သုံးနေကြ H ဆိုတာ ဘာလဲ သိရပါမယ်။


H - HSDPA (High Speed Downlink Packet Access) (Year-2006)H+ ထက်ပိုနှေးပါတယ်။ ပျမ်းမျှ 7.2 Mb/sHD video တွေ တိုက်ရိုက်ကြည့်နိုင်ဖို့ လုံလောက်တဲ့ မြန်နူန်းဖြစ်ပါတယ်။


H+ - HSDPA Plus (Year-2011)H ထက် ပိုမြန်တာ အသေအချာပါပဲ ။
အင်တာနက် မြန်နူန်း 21 Mb/s ထိရပါတယ်။ကြည်လင်ပြတ်သားတဲ့ HD video တွေ တိုက်ရိုက်လွယ်လွယ်ကူကူ
ကြည့်ရှုနိုင်ပါပြီ။
 Broadband connection တွေနဲ့တောင်တူတယ်3G - 3rd Generation / UMTS ( Year- 2003)ရုပ်ရောအသံပါ (video calling) အင်တာနက်မြန်နူန်းတစ်ခုဖြစ်ပါတယ်။စစပိုင်း 384kb/s သာရရှိနိုင်ခဲ့ပြီး ..အခုချိန် ဒေါင်းလုပ်မြန်နူန်းကို 2Mb/s ထိ ရရှိနိုင်ပြီဖြစ်ပါတယ်။20ရာစုအစပိုင်း မိုဘိုင်းလ်ဖုန်းတွေ အရှိန်အဟုန်မြင့်တိုးတက်လာချိန်မှာ ရရှိတဲ့ အင်တာနက်မြန်နူန်းဖြစ်လို့ 3rd Generation လို့ခေါ်တာပါတဲ့။


E - EDGE (Enhanced Data Rates for GSM Evolution) ( Year- 2006)အင်တာနက်မြန်နူန်းက 384Kb/s ။EDGE ကို 2.75G လို့ ယူဆလို့ရပါတယ်။3G မပြည့်ဘူးပေါ့ ။2G ကနေ 3G ဖြစ်လာဖို့carriers ကို အဆင့်မြင့်လိုက်ခြင်းပါ။
E ဆိုတာ 3G နည်းပညာပေါ်လာပြီးမှသာ ဖြစ်လာခြင်းဖြစ်ပါတယ် ။G - GPRS (General Packet Radio Service)( Year- 2000)GPRS ဆိုတာ GSM တွေထက် အနည်းငယ်မြန်တဲ့ မြန်နူန်းတစ်ခုပါ။2.5G လို့လည်း ယူဆနိုင်ပါတယ်။ 2G ကနေ ပြောင်းလဲလာခြင်းဖြစ်ပြီးwebpage တစ်ခုသာမြန်နူန်းကတော့ 115kb/s ရပါတယ်။


GPRS ကနေသာ 3G -> EDGE -> H -> H+ -> LTE အဆင့်ဆင့် ပြောင်းလဲတိုး
တတ်သွားခြင်းပါ။


LTE - Long Term Evolution (4G*) ( Year- 2013)မြန်နူန်းအမြင့်ဆုံးကတော့ LTE ပါ။မြန်နူန်း 100Mb/s အထိ ရပါတယ်တဲ့ ။broadband connection လောက်တော့ သနားပါတယ်တဲ့ ။Full HD Videos များကို ကြည့်ရူခြင်းကို လုပ်ဆောင်နိုင်ပါတယ်။LTE ဆိုတာ 4G နဲ့မတူပါဘူး ။LTE ကိုသာ 4G လို့ မှတ်ယူတတ်ကြပါတယ်။4G အစစ်အမှန်ဆိုရင် LTE ထက် မြန်ပါသေးတယ်။ မြန်နူန်း 1Gb/s ထိ

Ref: Giffgaff.com Computer Services & Network Solutions
MobileMother



အားလုံးပဲအဆင်ပြေကြပါစေ
မျှဝေပေးနေရရင်ကျေနပ်သူပါ


Tuesday, October 14, 2014

Samsung က ငါးဆပိုမြန်သော WiFi နည်းပညာကို တီထွင်နေ

1970596_395585250591174_5329037190709177357_n
Samsung က ယနေ့ခေတ် WiFi နည်းပညာများထက် ငါးဆပိုမြန်သော WiFi နည်းပညာ အသစ်ကို တီထွင်နေသည်ဟု ပြောပါသည်။

Samsung သည် တစ်စက္ကန့်လျှင် 575Mb အမြန်နှုန်း ရှိသော 60GHz WiFi နည်းပညာကို တီထွင်နေပါသည်။ ယနေ့ခေတ် WiFi နည်းပညာသည် အမြန်ဆုံး အနေဖြင့် တစ်စက္ကန့်လျှင် 108MB သာ ရရှိသဖြင့် Samsung ၏ နည်းပညာအသစ်သည် ငါးဆ ပိုမြန်ပါသည်။

Samsung ၏ နည်းပညာသည် 1GB ဖိုင်တစ်ခုကို သုံးစက္ကန့်အတွင်း Device တစ်ခုမှ အခြား တစ်ခုသို့ ကူးပြောင်းနိုင်ပါသည်။

Samsung က သူ၏ နည်းပညာကို ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ရောင်းချရန် အစီအစဉ်ရှိသည်ဟု ပြော ပါသည်။ Samsung က သူ၏ နည်းပညာသည် စမတ်အိမ်များနှင့် အင်တာနက် ချိတ်ဆက်နိုင်သည့် Internet of Things Device များအတွက် အလွန် အသုံးဝင်မည်ဟု ပြောပါသည်။

Samsung က 60GHz WiFi သည် ယခင်က သီအိုရီတစ်ခုသာ ဖြစ်ခဲ့ပြီး လက်တွေ့တွင် အကောင်အထည် မဖော်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော အဆိုပါ Signals များသည် နံရံများကို ထိုးဖောက်ရာတွင် ပြဿနာများ ရှိနေခြင်းကြောင့်ဖြစ်ပါသည်။

ယခုမူ အန်တင်နာ အသစ်များနှင့် ဆက်သွယ်မှု ကိရိယာများကို စွမ်းအားဖြည့်ပေးသော နည်းလမ်းများကို တီထွင်ခြင်းဖြင့် Developer များက WiFi နည်းပညာအသစ်ကို အမှန်တကယ် အသုံးပြုနိုင်ရန် တီထွင်နိုင်ပြီ ဖြစ်သည်။

“ Samsung ဟာ 60GHz WiFi နည်းပညာကို စီးပွားဖြစ်ရောင်းချဖို့ အတွက် အခက်အခဲများကို ကျော်ဖြတ်နိုင် ခဲ့ပါပြီ။ အံ့မခန်း နည်းပညာကို ရောင်းချပေးတော့မှာပါ။ “ ဟု Samsung ၏ သုတေသနနှင့် ဖွံ့ဖြိုးမှု ဌာနမှ အကြီးအကဲ Kim Chang ကပြောပါသည်။

Myanmar Digital Life Journal
 
 
အားလုံးပဲအဆင်ပြေကြပါစေ
မျှဝေပေးနေရရင်ကျေနပ်သူပါ

Facebook Stickers များကို Comments တွင် အသုံးပြုနိုင်ပြီ

10603714_395584977257868_3442825013118043524_n
Facebook က Stickers များကို Timeline, Groups နှင့် Events Post များ၏ Comment တွင် အသုံးပြုနိုင်စေ ရန် ပြုလုပ်ပေးလိုက်ပြီ ဖြစ်သည်။

Stickers များကို Facebook Messenger တွင် အသုံးပြုနိုင်သည်မှာ ကြာပြီဖြစ်သော်လည်း ယခုမှသာ Messenger ၏ ပြင်ပတွင် အသုံးပြုနိုင်ခြင်း ဖြစ်ပါသည်။

Sticker များကို ရယူ အသုံးပြုနည်းသည် အတူတူပင်ဖြစ်ပါသည်။ အသုံးပြုသူများအနေဖြင့် အစပိုင်းတွင် Sticker အနည်းငယ်ကိုသာ ရရှိထားပါသည်။ ထို့နောက်တွင် Facebook ၏ Sticker Store မှ ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ Sticker များကို Theme များနှင့် ခွဲခြားထားပြီး ထွက်ရှိသော ရုပ်ရှင်များအတွက်လည်း ပြုလုပ်ပေးထားပါသည်။ ဥပမာ အားဖြင့် Muppets Most Wanted နှင့် Despicable Me 2 ရုပ်ရှင်များအတွက် ပြုလုပ်ပေးထားပါသည်။ အားကစားအသင်းများနှင့် နာမည်ကြီး ဂိမ်းများအတွက်လည်း Sticker များရှိပါသည်။


10644646_395584933924539_7717059299460311784_n

“ Sticker များဟာ Comment များပြုလုပ်ရာမှာ စကားလုံးများထက် ပိုမိုပျော်စရာကောင်းမယ်လို့ ထင်ပါတယ်။ စိတ်လှုပ်ရှားမှုများကို လွယ်ကူစွာ ပြသနိုင်မှာပါ။ စိတ်ဓါတ်ကျနေတဲ့ သူငယ်ချင်းကို ပျော်ရွှင်အောင် ပြု လုပ်ပေးနိုင်ပါတယ်။ ကွဲပြားတဲ့ Comment များစွာကို ပြုလုပ်နိုင်မှာပါ။ “ ဟု Facebook မှ အင်ဂျင်နီယာ Bob Baldwin က Facebook Post တစ်ခုတွင် ရေးသားထားပါသည်။

ယခုအချိန်တွင် Facebook ၏ Sticker အားလုံးသည် အခမဲ့ ဖြစ်ပြီး နောက်ပိုင်းတွင်မူ အခပေး Sticker များကို ရောင်းချပေးမည် ဖြစ်သည်။ အထူးသဖြင့် Brand များက သူတို့၏ ကိုယ်ပိုင်စတစ်ကာများကို ထုတ်လုပ်ရောင်းချမည် ဖြစ်သည်။ Viber, WeChat တို့ကဲ့သို့ Messaging Apps များသည် စတစ်ကာ စတိုးများကို ပြုလုပ်ပေးထားပြီး စတစ်ကာများ ရောင်းချပေးနေကြပါသည်။

Myanmar Digital Life Journal
 
 
အားလုံးပဲအဆင်ပြေကြပါစေ
မျှဝေပေးနေရရင်ကျေနပ်သူပါ

Thursday, October 2, 2014

♪ Windows 10 အကြောင်း သိထားသင့်သည့် အချက် (၉) ချက် ♫

TN_0
Windows 8 နှင့် ပတ်သက်ပြီး ဝေဖန်သံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပြီးနောက် Windows 10 ဟုခေါ်သည့် Windows operating system သစ်ကို အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် ပွဲတစ်ခုတွင် Microsoft က မိတ်ဆက်ပေးခဲ့သည်။ ထို့ကြောင့် Microsoft ၏ နောက်ဆုံးခြေလှမ်းသစ်ဖြစ်သော Windows 10 နှင့် ပတ်သက်၍ သိရှိထားသင့်သည့် အချက်များကို ဖော်ပြလိုက်ပါသည်။
(၁) Windows 10 ကို ဘယ်အချိန် upgrade လုပ်နိုင်မလဲ။ ဘယ်လောက် ကုန်ကျမလဲ။
Microsoft သည် Windows 10 ကို ၂၀၁၅ ခုနှစ် ဧပြီလတွင် ကျင်းပမည့် Build developer conference နောက်ပိုင်း ဖြန့်ချိဖွယ်ရှိသည်။ အကယ်၍ Windows 10 ကို စမ်းသပ်အသုံးပြုချင်လိုပါက အောက်တိုဘာ ၁ ရက်မှ စတင်ကာ Windows Insider Program တွင် sign up လုပ်ပြီး preview build ကို အသုံးပြုနိုင်သည်။ လက်လီရောင်းချမည့် Windows 10 ဗားရှင်း၏ ဈေးနှုန်းများကို မသိရှိရသေးပေ။
(၂) Windows 9 ကို ကျော်ပြီး Windows 10 ကို ဘာကြောင့် မိတ်ဆက်ခဲ့သလဲ။
သုံးစွဲသူများ အနေဖြင့် Windows အလုပ်လုပ်ပုံ အခြေခံ ပြောင်းလဲမှုများကို သိရှိစေရန်အတွက် ဗားရှင်းနံပါတ် တစ်ခုကို ကျော်ပြီး Windows 10 ကို မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။
2(2)
(၃) Windows 10 ကို desktop ရော tablet မှာပါ အသုံးပြုနိုင်သလား။
Windows 10 ကို desktop ကွန်ပျူတာများတွင်သာမက စမတ်ဖုန်းများအထိ အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် user interface ကိုလည်း သင့်တော်သလို ပြောင်းလဲချိန်ညှိနိုင်သည်။
(၄) Widnows 10 တွင် App များ အလုပ်လုပ်နိုင်သလား။
Windows 10 တွင် app များကို အသုံးပြုနိုင်မည် ဖြစ်သော်လည်း အသေးစိတ် အလုပ်လုပ်ပုံကို Microsoft မှ ရှင်းပြခဲ့ခြင်း မရှိပေ။ သို့သော်လည်း Windows Store မှ ဝယ်ယူထားသည့် app တစ်ခုကို Windows 10 ထုတ်ကုန် အားလုံးတွင် အသုံးပြုနိုင်ဖွယ်ရှိသည်။ ထို့အတွက်ကြောင့် developer များအနေဖြင့် ထုတ်ကုန် အရွယ်အစားနှင့် လုပ်ဆောင်နိုင်စွမ်းအပေါ် မူတည်ပြီး အသွင်အပြင်နှင့် ခံစားမှုတို့ကို ချိန်ညှိပေးနိုင်မည့် universal app များကို ဖန်တီးရန် လိုအပ်မည် ဖြစ်သည်။
(၅) Full-screen “Modern” app များ ပါဝင်သေးသလား။
Windows 8 တွင် full-screen app များကို Metro သို့မဟုတ် Modern ဒီဇိုင်းဖြင့် မိတ်ဆက်ပေးခဲ့သော်လည်း Windows 10 တွင် full-screen app များကို ရွေးချယ်အသုံးပြုနိုင်ရန် ထောက်ပံ့ပေးထားသည်။ ဥပမာအနေဖြင့် Surface Pro 3 ကဲ့သို့သော convertible 2-in-1 ထုတ်ကုန်တွင် keyboard ကို တပ်ဆင် အသုံးပြုသည့်အခါ Windows 10 တွင် ယခင် Start menu အဟောင်းဖြင့် တွေ့မြင်ရမည်ဖြစ်သည်။ သို့ရာတွင် keyboard ကို ဖြုတ်လိုက်သည့်အခါ Windows 10 က လက်ချောင်းများဖြင့် အသုံးပြုနိုင်မည့် full screen mode အဖြစ် ပြောင်းလဲပေးမည် ဖြစ်သည်။
(၆) ဝယ်ယူထားသည့် Modern app များ Windows 10 တွင် ဆက်လက် အလုပ်လုပ်နိုင်သလား။
Windows 8 developer များအနေဖြင့် အပြောင်းအလဲများကို မည်ကဲ့သို့ တုံ့ပြန်မည် ဆိုခြင်းအတွက် ပြောရန် စောသေးသော်လည်း Microsoft အနေဖြင့် full-screen Modern app အချို့ကို window mode တစ်ခုဖြင့် အသုံးပြုနိုင်မည့် နည်းလမ်းအား ပြသသွားခဲ့သည်။
6
(၇) Windows 10 တွင် Start menu ပါဝင်သလား။
Windows 8 ၏ full-screen Start screen ကို မနှစ်သက်သူများ အနေဖြင့် ကံကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။ Windows 10 တွင် ပါဝင်သည့် Start menu သစ်ကို screen ၏ ဘယ်ဘက်တွင် တွေ့မြင်ရမည် ဖြစ်ပြီး ၎င်းတွင် သုံးစွဲသူများနှင့် ရင်းနှီးပြီးသား ဖြစ်သော shortcut များကို တွေ့ရမည် ဖြစ်သည်။
(၈) Windows တွင် မည်သည့် အခြား အဆင့်မြှင့်တင်မှုများ ပါဝင်သလဲ။
Windows 10 တွင် Snap function ကို အဆင့်မြှင့်ထားသောကြောင့် app များကို ဘေးချင်းကပ်လျက် ယှဉ်ထားရာတွင် အလျင်အမြန် ပြုလုပ်နိုင်သလို quadrant layout သစ်ကြောင့် app လေးခုကို screen တစ်ခုတွင် အညီအမျှခွဲခြားကာ ဖော်ပြပေးနိုင်သည်။ ထို့အပြင် multiple desktops ကို ထောက်ပံ့ပေးထားသည့် အတွက် app များကို တစ်နေရာတည်းတွင် ထားကာ အလုပ်လုပ်နိုင်ပြီး desktop ထံသို့လည်း slide လုပ်ရုံဖြင့် အလျင်အမြန် သွားရောက်နိုင်သည်။ ထို့အပြင် taskbar တွင် task view button ပါဝင်လာသောကြောင့် ၎င်းကို click နှိပ်ရုံဖြင့် ဖွင့်ထားသည့် ဖိုင်များ၊ window များနှင့် desktop များကို အလျင်အမြန် ကြည့်ရှုနိုင်သည်။
8
(၉) Windows 10 ကို ဘယ် ထုတ်ကုန်တွေမှာ အသုံးပြုနိုင်သလဲ။
ဒီအကြောင်းကို ပြောရန် စောလွန်းနေသေးသည်။ Windows 8.1 ကို 64-bit ကွန်ပျူတာများ အတွက် မိတ်ဆက်ပေးခဲ့သော်လည်း အချို့ processor အဟောင်းများ အတွက် အထောက်အပံ့မပေးခဲ့သောကြောင့် Windows 10 ကို ခေတ်ဟောင်း ကွန်ပျူတာများပေါ်တွင် အသုံးပြုနိုင်ဖွယ် မရှိပေ။
Internet Journal
 
 
 အားလုံးပဲအဆင်ပြေကြပါစေ
မျှဝေပေးနေရရင်ကေနပ်သူပါ

Saturday, September 20, 2014

How to get Free 30GB Cloud Storage for BackUp

Apple က iOS 8 ကို ထုတ်ပေးခဲ့ပြီးနောက်မှာ iPhone 6 နှင့် iPhone 6 Plus တို့ကို စတင်ရောင်းချပေးခဲ့သလို Microsoft ကလည်း သူရဲ့ hosting cloud service ဖြစ်တဲ့ OneDrive ရဲ့ အခမဲ့ သုံးစွဲနိုင်တဲ့ storage ပမာဏကို 15GB မှ 30GB ထိ နှစ်ဆတိုးမြင့်ပေးလိုက်ပါပြီ...

ပြီးခဲ့တဲ့ ဂျူလိုင်လက စတင်လို့ Free Storage ကို 15GB ထိ တိုးမြင့် သတ်မှတ်လိုက်ပြီးနောက် ယခုတစ်ကြိမ် ထပ်မံ၍ နှစ်ဆ 30GB အထိ တိုးပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခွင့်အရေးဟာ အမြဲတမ်းရရှိနိုင်မယ့် အခွင့်အရေး တစ်ခုတော့ မဟုတ်ပါဘူး...

အခုလို နှစ်ဆတိုးမြင့်ပေးလိုက်တဲ့ အခွင့်အရေးဟာ အချိန်အကန့်အသတ် ရှိတာမို့ ယခုလ မကုန်ခင်အချိန်အထိ "OneDrive" App ကို AppStore မှ Free သွင်းယူပြီး မြန်မြန် SignUp လုပ်မှသာ 30GB Free storage ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်...

>> OneDrive (Official App Free Install)

iOS 8 ကိုသွင်းယူရန် မိမိ၏ device တွင် Space အခက်အခဲ ရှိနေသူများအတွက် OneDrive တွင် Photos, Videos စသည်တို့ကို ပြောင်းလဲ သိမ်းဆည်းပြီးနောက် device အတွင်းမှ ဖျက်ပြစ်လိုက်ခြင်းဖြင့် အဆိုပါ အခက်အခဲကို ပြည်လည်စေနိုင်ပါလိမ့်မည်။

OneDrvie ကို SignUp လုပ်ပြီးတာနဲ့ Automatic Camera roll backup ကို Activate လုပ်ပေးဖို့ မမေ့ပါနဲ့ ဒါမှသာ နောက်ထပ် 15GB ကို ထပ်မံ ရရှိပြီး ပေါင်း 30GB ဖြစ်သွားပါလိမ့်မယ်။


**Activate လုပ်နည်း**

  • ပထမဦးစွာ "OneDrive" ကို Install လုပ်ပါ။
  • OneDrive App ကိုဖွင့်ပြီး မိမိ၏ Microsoft account နှင့် SignIn ဝင်ပါ။ Account မရှိသေးပါက Sign Up Now နဲ့ account ဖွင့်ပါ။


  • Turn on Camera backup တွင် "Turn On" လုပ်ပါ။


  • ထို့နောက် "Allow" လုပ်ပါ။
  • Allow လုပ်ရန် မေ့ခဲ့ပါက Settings > Privacy > OneDrive ကို On ပေးလိုက်ပါ။



ဒါဆိုရင် Activate လုပ်ခြင်း အောင်မြင်သွားပြီး ဖော်ပြပါပုံအတိုင်း 30GB ကို ပိုင်ဆိုင် ရရှိနိုင်ပါပြီ။


Apple ရဲ့ hosting service တစ်ခုဖြစ်တဲ့ iCloud storage ရဲ့ ပရီမီယံကြေးက တစ်လမှာ 20GB အတွက် $0.99 နဲ့ စတင်ထားပြီး OneDrive ကတော့ 100GB အတွက် $1.99 နဲ့ စတင်ထားပါတယ်။
ဒါကြောင့်မို့ Microsoft ရဲ့ OneDrive က သုံးစွဲသူတွေကို ပိုမိုပြီး စွဲဆောင်နိုင်ပါလိမ့်မယ်။

OneDrive ကို iOS 7.0 နှင့်အထက် iDevice များအားလုံးမှာ တရားဝင် Free သွင်းယူနိုင်ပါတယ်.. ကဲ.. မြန်မြန်သာ သွားယူလိုက်ကြပါတော့.. 



Credit To:Moethagyar


အားလုံးပဲအဆင်ပြေကြပါစေ
မျှဝေပေးနေရရင်ကျေနပ်သူပါ

Wednesday, September 17, 2014

Apple Pay ဆိုသည်မှာ..

မဝေးတော့သည့် အနာဂါတ် သို့မဟုတ် မနက်ဖန်တွင် ကျွန်တော်တို့အတွက် အရေးအကြီးဆုံး ကိုယ်ပိုင် အသုံးအဆောင်မှာ iPhone 6 ဖြစ်လာဖွယ်ရာ ရှိပါသည်။

Apple က ထပ်မံ တီထွင်လိုက်တဲ့ Apple Pay စနစ်ကြောင့် iPhone သည် ပိုမိုတန်းဖိုးထားရမည့် အရာဝထ္တု တစ်ခုဖြစ်လာပြီး Apple ID သည်လည်း ပိုမိုအလေးအနက်ထား သိမ်းဆည်းရမည့် ID တစ်ခု ဖြစ်လာပါလိမ့်မည်။


iOS 8 နှင့်အတူ iPhone 6, iPhone 6 Plus မှာ ပါဝင်လာမည့် Apple Pay သည် လုံခြုံစိတ်ချစွာဖြင့် လွယ်ကူစွာ ဈေးဝယ်နိုင်သည့် payment ငွေချေ စနစ်တစ်ခု ဖြစ်ပါသည်။

မိမိရဲ့ Touch ID ကို အသုံးပြုထာပြီး မည်သည့် App ကိုမှ ဖွင့်စရာမလိုပဲ iPhone screen ကို ပုံမှန်လှုပ်ရှားမှုအတိုင်း ထိလိုက်ရုံဖြင့် ငွေပေးချေနိုင်ပါပြီ။
iPhone 6 နှင့် iPhone 6 Plus မှာ အဆင့်မြှင့် ထည့်သွင်းထားတဲ့ NFC (Near Field Communication) အင်တန်နာ ပါရှိတဲ့အတွက် iPhone ကို contactless reader အနီးတွင် ထိထားလိုက်သည်နှင့် တစ်ပြိုင်နက် ငွေပေးချေနိုင်ပါပြီ၊ iPhone က တုန်ခါမှုနှင့် အသံမည်ကာ ငွေပေးချေမှု အောင်မြင်ကြောင်း အချက်ပြပါလိမ့်မည်။


**Apple Pay စနစ်ကို အသုံးပြုရန် ပြင်ဆင်ခြင်း**

iPhone မှာ ပါဝင်သည့် Passbook ကို ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မည်၊ Passbook ထဲတွင် boarding passes, tickets, coupons နှင့် အခြားအရာများကို သိမ်းဆည်းနိုင်သကဲသို့ ယခုအခါတွင် မိမိ၏ Credit card နှင့် Debit card တို့ကိုပါ သိမ်းဆည်းထားနိုင်ပါပြီ။

ပထမဦးစွာ မိမိရဲ့ iTunes account ထဲသို့ Credit (သို့) Debit card ကို ထည့်သွင်းပါ။ ထို့နောက် Passbook မှာ အဆိုပါကာဒ်၏ security code ကို ရိုက်သွင်းလိုက်ရုံဖြင့် Passbook တွင်ပါ သိမ်းဆည်းပြီး ဖြစ်ပါလိမ့်မည်။

အကယ်၍ နောက်ထပ် ကာဒ်အသစ်တစ်ခု ထည့်သွင်းလိုပါက iSight camera ကို အသုံးပြု ကာဒ်ကို ဓါတ်ပုံရိုက်၍ ဖြစ်စေ၊ ရိုက်သွင်း၍ ဖြစ်စေ ထပ်ထည့်နိုင်ပါသည်။
ပထမဦးဆုံး ထည့်သွင်းထားသော ကာဒ်ကို default payment card အဖြစ် သတ်မှတ်ထားပြီး ပြင်ဆင် ပြောင်းလဲလိုပါက Passbook setting တွင် အခြားကာဒ် တစ်ခုကို ပြောင်းလဲနိုင်ပါသည်။


**မိမိ Account ကို ကာကွယ်ရန်**

အကယ်၍ မတော်တဆ မိမိ iPhone ပျောက်ဆုံး (သို့) အခိုးခံရခဲ့ပါက "Find My iPhone" အသုံးပြုကာ အဆိုပါ iPhone ကို "Lost Mode" ပြုလုပ်လိုက်ပါက ဘာမှ ပြုလုပ်နိုင်မည် မဟုတ်သလို ထည့်သွင်းထားသည်များကိုလည်း ရှင်းလင်းပစ်နိုင်ပါသည်။


**Apple Pay Accepted Store & App**

Apple Pay ကို လက်ခံနိုင်တဲ့ ဆိုင်ပေါင်း နှစ်သိန်း နှစ်သောင်းကျော် ရှိနေပြီး နောက်ထပ် လက်ခံနိုင်မယ့် စတိုးတွေ ထပ်မံတိုးလာပါလိမ့်မယ်။


Starbucks, Groupon, Target အပါအဝင် App ဆယ်ခုလောက်ကလည်း Apple Pay ကို လက်ခံနိုင်ပါပြီ။



**Credit cards & Banks**

US ရဲ့ အဓိက Credit, Debit card ကုမ္ပဏီကြီးတွေဖြစ်တဲ့ Visa, Master, American Express တို့ကို အသုံးပြုနိုင်ပြီး Bank of America, American Express နှင့် Citi Bank တို့အပါအဝင် အခြားသော ဘဏ်များကပါ Apple Pay နဲ့ အတူတူ ပူးပေါင်းပါဝင်ထားပါတယ်။


Apple Pay သည် ငွေချေမှု လွယ်ကူစေရန် လုပ်ဆောင်ထားပြီး မိမိ၏ transaction information များကို Apple အနေနဲ့ မှတ်သားထားမှာ မဟုတ်လို့ စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။
လက်ရှိဝယ်ယူထားသော အရာများကိုသာ အဆင်ပြေစေရန် အတွက် Passbook က သိမ်းပေးထားမှာဖြစ်ပါတယ်။

Apple Pay စနစ်ကြောင့် မိမိရဲ့ Credit card ကို ပိုက်ဆံအိပ်ထဲမှ ထုတ်ပေးလိုက်စရာ မလိုသဖြင့် ငွေချေသည့် နေရာမှာ မိမိရဲ့ informations ကို မည်သူမျှ မြင်တွေ့စရာ မလိုသလို၊ Cashier ကိုလည်း ခဏတာမျှ မပေးလိုက်ရသည့်အတွက် ပိုမိုလုံခြုံသော ချောမွေ့သော ဈေးဝယ်စနစ်တစ်ခု ဖြစ်လာပါလိမ့်မည်။

ဒါဟာ iPhone 6 & 6 Plus with iOS 8 မှာသာ ရရှိမယ့် ခေတ်မီ စနစ်အသစ်တစ်ခု ဖြစ်ပြီး Apple Watch မှာလည်း အဆိုပါ စနစ် ပါလာနိုင်စရာရှိပါသည်။



Credit to : Apple 
Credit To:Moethagyar
 
 
အားလုံးပဲအဆင်ပြေကြပါစေ
မျှဝေပေးနေရရင်ကျေနပ်သူပါ

iOS 8 အတွက် အသင့်ပြင်ဆင်ရန်..

iOS 8 ကို မနက်ဖန် Sep 17 မှာ တရားဝင်ထုတ်ပေးတော့မှာ ဖြစ်လို့ ရင်ခုန်စရာ ကောင်းနေပါပြီ။ အသစ်စက်စက် iOS အတွက် ကျွန်တော်တို့ဘက်ကရော အဆင်သင့် ဖြစ်နေကြပါပြီလား..?

iOS 8 ကို မသွင်းယူမီ ပြင်ဆင်ထားသင့်သည့် အချက်အချို့ကို ရေးသားဖော်ပြပေးလိုက်ပါတယ်..

ပထမဦးစွာ မိမိရဲ့ iDevice ဟာ iOS 8 ကို သွင်းယူနိုင်မယ့် Device လားဆိုတာ သိရှိထားရပါမယ်၊ ပြီးနောက် iTunes, iCloud တို့ကို အသုံးပြုပြီး BackUp လုပ်ထားဖို့ လိုအပ်ပါလိမ့်မယ်။
BackUp လုပ်ထားခြင်းဖြင့် iDevice အသစ်တွေဖြစ်တဲ့ iPhone 6, 6 Plus တို့ကို ပြောင်းလဲ အသုံးပြုမယ် ဆိုရင်တောင် မိမိရဲ့ Data, App, Contacts စတာတွေကို အလွယ်တစ်ကူပဲ ရွေ့ပြောင်းနိုင်ဖို့ အဆင်သင့် ဖြစ်နေမှာ ဖြစ်ပါတယ်။

**iOS 8 သွင်းယူနိုင်မည့် iDevice များ**

- iPhone 4s နှင့် အထက်
- iPad 2 နှင့် အထက်
- iPad Mini များအားလုံး
- iPodTouch 5G (fifth generation)


**BackUp**

BackUp ပြုလုပ်ရာတွင် App များ အားလုံးကို backup လုပ်စရာမလိုပါ။ BackUp မလုပ်မီ မိမိအသုံးမပြုသည့် App များ(နောင်တွင်လည်း မသုံးတော့မည့်) သွင်းယူထားပါက App icon ကို long-press ဖိ၍ (X) နှိပ်ကာ အရင် ဖျက်ပစ်နိုင်ပါတယ်။


အထူးသဖြင့် storage size နေရာ ကြီးကြီးမားမား ယူထားပြီး မိမိလည်း မသုံးဖြစ်သည့် App မျိုးကို iDevice ၏ ( Settings -> General -> Usage -> Show All Apps ) တွင် စစ်ဆေးနိုင်ပါတယ်။

BackUp ပြုလုပ်ရာတွင် iTunes, iCloud နှစ်မျိုးစလုံးနှင့် backup ပြုလုပ်နိုင်သော်လည်း PC နင့် ချိပ်ဆက်ကာ iTunes နှင့် အားလုံးကို BackUp ပြုလုပ်ခြင်းက ပိုမို လျှင်မြန် လွယ်ကူစေပါသည်။

iCloud နှင့် BackUp ပြုလုပ်မည် ဆိုပါက Settings -> iCloud -> Storage & Backup ကို ON ထားပေးရမှာ ဖြစ်ပြီး WiFi connection ရှိဖို့ လိုအပ်ပါတယ်။
မိမိ Backup ပြုလုပ်လိုသည့် Mail, Contacts, Calendars, Photo, Note အစရှိသည်တို့ကို iCloud ၏ setting တွင် ON ထားပေးရပါမည်။ Data များနေပါက Storage size လဲ ပိုမိုလိုအပ်မှာ ဖြစ်ပါတယ်။


အကြံပြုလိုသည်က Notes, Mails, Safari, Contacts အစရှိသော Storage နေရာ အများကြီး မယူသည့် အရာများကိုသာ iCloud တွင် သိမ်းဆည်းပြီး အခြားအရာများကို iTunes အသုံးပြု၍ BackUp ပြုလုပ်ပါ။
iTunes တွင် backup ပြုလုပ်ရန် iDevice ကို PC နှင့် ချိပ်ဆက်၍ iTunes တက်လာသည့်အခါ မိမိ iDevice ကို select ပေးပြီး 'Automatically Back Up' တွင် "This Computer" ကိုရွေးပြီး "BackUp Now" button ကို နှိပ်ပေးပါ။


"Photos" များကို Backup ပြုလုပ်ရန် အလွယ်ဆုံးနည်းလမ်းမှာ iDevice ကို PC နှင့် ချိပ်ဆက်သည့် အခါ 'External New Drive' အနေနှင့် 'My Computer' တွင် တွေ့ရှိရပြီး ဆက်တိုက် ဖွင့်သွားပါက Photos များ သိမ်းဆည်းထားသော Folder ကို မြင်တွေ့ရပါလိမ့်မည်။ 'Copy' 'Paste' နှင့် နှစ်သက်ရာ နေရာမှာ သိမ်းထားနိုင်ပါသည်။

အခြားအရာများကို Manual backup ပြုလုပ်ပေးနိုင်သော "iTunes Go" ကဲ့သို့သော third-party software များကိုလည်း အသုံးပြုနိုင်ပါသေးသည်။

**iOS 8 with Myanmar Font**

iOS 8 အတွက် သတင်းကောင်း တစ်ခုမှာ Jaibreak ပြုလုပ်ရန် မလိုအပ်ပဲ မြန်မာစာကို ရေးနိုင် ဖတ်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။

iOS အတွက် မြန်မာစာ စနစ်ကို အမြဲအသက်သွင်းပေးနေသည့် Developer တစ်ဦးဖြစ်သူ ကိုစေတန် က iOS 8 အတွက် မြန်မာစာကီးဘုတ်ကို ရေးသားထားပြီး App အဖြစ် အတည်ပြုချက်ကို Apple ထံမှ စောင့်စားနေဆဲ ဖြစ်ပါသည်။
အတည်ပြုပြီးပါက App အဖြစ်နှင့် AppStore တွင် ရယူနိုင်မည်ဖြစ်ပြီး Jailbreak လုပ်ရန်မလိုပဲ မြန်မာစာကို အသုံးပြုနိုင်ပါလိမ့်မည်။





Photo Credit to : saturngod, Rob LeFebvre 
Credit To:Moethagyar


အားလုံးပဲအဆင်ပြေကြပါစေ
မျှဝေပေးနေရရင်ကျေနပ်သူပါ

Telenor က မိုဘိုင်းအင်တာနက်စနစ် ပေးအပ်ရန် MPT နှင့်ဆွေးနွေး



 
Telenor သည် ၎င်းတို့၏ မိုဘိုင်းဖုန်းကွန်ရက်တွင် အင်တာနက်စနစ်ပေးအပ်ရန် မြန်မာဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ဆွေးနွေးနေကြောင်း Telenor ၏ CEO ဖြစ်သူ Mr.Petter ကပြောသည်။
လက်ရှိအချိန်တွင် ကိုယ်ပိုင် Gateway ပိုင်ဆိုင်သော အော်ပရေတာသည် မြန်မာနိုင်ငံ၌ MPT တစ်ခုသာရှိပြီး အဆိုပါ MPT Gateway ထံမှာ အင်တာနက် အသုံးပြုနိုင်သော Bandwidth ကို Telenor က ရယူ အသုံးပြုရန် ဆွေးနွေးနေခြင်းဖြစ်သည်။
Telenor သည် သီးခြား Gateway တစ်ခုနှင့် မိုဘိုင်းအင်တာနက်စနစ် ပေးအပ်နိုင်ရန် Bandwidth အကြောင်း ဆွေးနွေးခဲ့သော်လည်း ကွန်ရက်နှေးကွေးမှုကြောင့် အဆင်မပြေ ဖြစ်ခဲ့ရသည်ဟု Mr.petter ကပြောသည်။ Telenor သည် MPT တွင်ပိုနေသည့် Bandwidth ကို ရယူအသုံးပြုရန် စီစဉ်နေခြင်းဖြစ်ပြီး Ooredoo သည် ၎င်း၏ မိုဘိုင်းအင်တာနက်စနစ်အတွက် ထိုင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက် ထားသည်ဟု သိရသည်။

Ref:Internet Journal 


အားလုံးပဲအဆင်ပြေကြပါစေ
မျှဝေပေးနေရရင်ကျေနပ်သူပါ